ဆရာဖြစ်ချင်တဲ့ ဆန္ဒတစ်ခုကို အကောင် အထည် ဖော်ပေးတာ ဖြစ်ပါတယ်။ ပညာသင်ဆု ပေးတာနဲ့ ပတ်သက်တဲ့ ဆောင်းပါးတွေကို ဆရာ ရေးခဲ့ ဖူးပါတယ်။ အထူးသဖြင့် မြို့တိုင်း၊ ရွာတိုင်း၊ ရပ်ကွက် တိုင်းမှာ ပညာ ထူးချွန် ပါလျက်နဲ့ ငွေကြေး မတတ်နိုင်လို့ ကျောင်း မတက်နိုင်ရှာတဲ့ ကလေးတွေ အများအပြား ရှိပါတယ်။ အဲဒီလို ကလေးတွေကို ပညာသင်ဆု ပေးပြီး ပြုစု ပျိုးထောင် ပေးချင်တယ်။ ဆရာ ပြောခဲ့ဖူးသလိုပါပဲ။ ကလေး သူငယ်တွေကို ပြုစု ပျိုးထောင် ပေးတယ်ဆိုတာ တိုင်းပြည်ရဲ့ အနာဂတ်ကို ထုဆစ် ပေးနေတာ ဖြစ်ပါတယ်။ နောက်ပြီး ပညာရေးမှာ ရင်းနှီးမြှုပ်နှံမှု လုပ်တယ် ဆိုတာ အရှုံးမရှိနိုင်တဲ့ စိတ်အချရဆုံး ရင်းနှီး [...]
On June 17, the democracy movement in Burma lost one of its pillars, Ludu U Sein Win. Ludu U Sein Win was a writer, journalist, political activist and teacher. He ran a school that played a significant part in keeping the country’s intellectual and literary traditions alive through the darkest years of military rule. U [...]
၁။ ၂၀၁၂ခုနှစ် ဇွန်လ ၁၇ ရက်နေ့က ကွယ်လွန်ခဲ့သော ဆရာလူထုစိန်ဝင်း အမှတ်တရ အနေဖြင့် လူထုစိန်ဝင်း ပညာသင်ဆု ပေးအပ်မည် ဖြစ်ပါသည်။ ၂။ ပညာသင်ဆု ဖြစ်မြောက်ရေး အတွက် သတင်းစာ ဆရာကြီး ဟံသာဝတီ ဦးဝင်းတင်နှင့် ဆရာ မောင်မိုးသူ တို့မှ ဦးဆောင်မည် ဖြစ်ပြီး ဆုရွေးချယ်မှု အပိုင်းကို ဆရာ လူထုစိန်ဝင်း၏ မိသားစုဝင်များနှင့် တပည့်များက ဆောင်ရွက်မည် ဖြစ်ပါသည်။ ၃။ ပညာသင်ဆုကို ခေါင်းစဉ်တစ်ခု အောက်တွင် ကန့်သတ်မထားဘဲ တိုင်းပြည်အတွက် လိုအပ်လျက်ရှိသော ကဏ္ဍအသီးသီး အတွက် ရည်ရွယ်ပြီး ပေးအပ်သွားမည် ဖြစ်ပါသည်။ ၄။ လူထုစိန်ဝင်း ပညာသင်ဆုမှာ မြန်မာနိုင်ငံ အတွင်း နေထိုင်လျက် ရှိနေပြီး ပညာ ဆက်လက် [...]
ဆရာ လူထုဦးစိန်ဝင်း ကွယ်လွန်ခဲ့ခြင်းအပေါ် နယ်စည်းမခြား သတင်းထောက်များအဖွဲ့ (Reporters Without Borders) မှ ၀မ်း နည်းကြောင်း ရေးသားခဲ့ခြင်းကို ပြန်လည် ဖော်ပြလိုက်ပါသည်။ BURMA: Reporters Without Borders saddened by death of journalist Ludu Sein Win Tue, 19/06/2012 – 17:24 | by prachatai Reporters Without Borders Reporters Without Borders is saddened to learn of the death overnight of the veteran Burmese journalist Ludu Sein Win [...]
- ၁၉၄၀ ပြည့်နှစ် သြဂုတ်လ ၁၃ ရက်နေ့၌ မန္တလေးမြို့၌ မွေးဖွားခဲ့သည်။ မိဘအမည်မှာ ဦးသာဒင်နှင့် ဒေါ်ကြည် ခင်တို့ ဖြစ်ပါသည်။ – ကလေးဘ၀မှ အခြေခံပညာ အထက်တန်း အထိ မန္တလေးမြို့ရှိ ဖားသားလဖုန်းကျောင်း၌ ပညာသင်ယူခဲ့သည်။ – ၁၉၅၆ ခုနှစ်တွင် မန္တလေးတက္ကသိုလ်သို့ ရောက်ရှိခဲ့သည်။ – ၁၉၅၉ ခုနှစ်တွင် ရန်ကုန်တက္ကသိုလ်သို့ ပြောင်းရွေ့ပညာသင်ယူခဲ့ပါသည်။ – တက္ကသိုလ်ကျောင်းသားဘ၀မှာပင် အပျော်တမ်း သတင်းထောက်အဖြစ် လုပ်ကိုင်ဆောင်ရွက်ခဲ့သည်။ – ၁၉၆၄ခုနှစ်တွင် မန္တလေး လူထုသတင်းစာတိုက်၌ အချိန်ပြည့် သတင်းသမားတစ်ဦးအဖြစ် စတင်လုပ်ကိုင်ခဲ့သည်။ ဦးလေးဖြစ်သူ ရွှေဥဒေါင်း၊ လူထုဦးလှ၊ လူထုဒေါ်အမာတို့၏ သင်ကြားဆုံးမမှုများဖြင့် လက်ထောက် အယ်ဒီတာ အဖြစ် လုပ်ဆောင်ခဲ့ခြင်း ဖြစ်ပါသည်။ – ၁၉၆၄ [...]
ဒီဆောင်းပါးကို ဆရာ လူထုစိန်ဝင်းက ၂၀၁၀ပြည့်နှစ်၊ ဒီဇင်ဘာလအတွင်းမှာ ရေးသားခဲ့ပါတယ်။ မကြာမီက နိုင်ငံခြားက နိုင်ငံခြားသူ စာရေးဆရာမ တစ်ယောက်နဲ့ အတော်ကြာကြာ စကား ပြောဖြစ်တယ်။ အရင်ကတည်းက ရင်းနှီးပြီးသားဖြစ်လို့ နှစ်ယောက်စလုံး ပွင့်ပွင့်လင်းလင်းပဲ ပြောကြတယ်။ သူက မြန်မာပြည်နေရာအနှံ့ အခေါက်ခေါက် အခါခါ ရောက်ဖူးတဲ့အတွက် စကား ပြောရတာ လွယ်ကူချောမောတယ်။ သိပ်လက်မ၀င်ဘူး။ လူအိုရုံတွေနည်း စကားပြောရင်းနဲ့ မြန်မာပြည် မြို့ကြီး၊ မြို့နယ် အတော်များများမှာ နာရေးကူညီမှုအသင်းတွေ ပေါ်ထွန်းလာတာ ၀မ်းသာစရာကောင်းတဲ့ အကြောင်းပြောပြီး အိုရေးအတွက်တော့ လူအိုရုံတွေ သိပ်နည်းနေလို့ အားမရဘူးလို့ပြောပြတယ်။ မှန်ပါတယ်။ တစ်နိုင်ငံလုံး အတိုင်းအတာနဲ့ ကြည့် မယ်ဆိုရင် ဘိုးဘွားရိပ်သာတွေ နည်းပါတယ်။ အနောက်နိုင်ငံသားတွေက ဘာမဆို ကိန်းဂဏန်း တွေကတစ်ဆင့် ကြည့်တတ်ကြတာဆိုတော့ သူတို့မျက်စိထဲမှာတော့ [...]
ဒီဆောင်းပါးကို ဆရာ လူထုစိန်ဝင်းက ၂၀၁၀ပြည့်နှစ်၊ ဒီဇင်ဘာလအတွင်းမှာ ရေးသားခဲ့ပါတယ်။ ဆင်ဆာ (ဖြုတ်) ထိခဲ့တာကြောင့် ဖော်ပြခွင့်မရခဲ့တဲ့ ဆောင်းပါးဖြစ်ပါတယ်။ ‘ မြန်မာတွေ ဒီမိုကရေစီအတွက် အဆင်သင့်ဖြစ်ရဲ့လား’ နိုင်ငံခြားသားမဟုတ်တဲ့ မြန်မာ လူမျိုး တစ်ယောက်ရဲ့ ပါးစပ်က ဒီလိုမေးခွန်းမျိုး ထွက်လာတာကြားရတော့ ပြုံးလိုက်မိတယ်။ ‘ ဒီပုတ် ထဲက ဒီပဲတွေချည့် ပါပဲလား’ လို့လည်း ကောက်ချက် ချလိုက်တယ်။ ပညာရေချိန်နိမ့်သေးလို့ ‘မြန်မာတွေ လွတ်လပ်ရေးနဲ့ မတန်သေးဘူး’ လွန်ခဲ့တဲ့နှစ်ပေါင်း ခုနစ်ဆယ်ကျော်၊ ရှစ်ဆယ် တုန်းကလည်း ဒီစကားမျိုးတွေ ပြောခဲ့ကြဖူးတယ်။ နိုင်ငံခြားသား ကိုလိုနီနယ်ချဲ့သမားတွေက ပြောခဲ့တာမဟုတ်ဘူး။ မြန်မာလူမျိုးတွေ ပါးစပ်ကပြောခဲ့ကြတာ။ နယ်ချဲ့သမားတွေက လက် သပ်မွေးထားတဲ့ ဘိလပ်ပြန်တွေ၊ မြို့အုပ်ဝန်ထောက်တွေက ပြောခဲ့ကြတာဖြစ်တယ်။ မြန်မာ လူမျိုးတွေ ပညာရေနိမ့်ကျနေသေးလို့ [...]
ဒီဝတ္ထုကို ဆရာလူထုစိန်ဝင်းက ကလောင်အမည် ၀င်းဇော်နဲ့ ဘာသာပြန် ရေး သားခဲ့တာ ဖြစ်ပါတယ်။ Chang Lin နှင့် Shu Yang တို့နှစ်ဦး ရေးသားခဲ့တဲ့ Better To Stand And Die ၀တ္ထုကို ဘာသာပြန်ခဲ့တာပဲ ဖြစ်ပါတယ်။ ၁၉၆၅ ခု နှစ်မှာ ပထမဆုံးအကြိမ် ထွက်ရှိခဲ့ပါတယ်။ ပင်မရေစီးစာအုပ်တိုက်က ထုတ်ဝေ ခဲ့ပါတယ်။ ကိုကိုးကျွန်းအကျဉ်းခံဘ၀မှ ပြန်လည်လွတ်မြောက်လာခဲ့ပြီး ၁၉၇၅ ခုနှစ်အချိန်မှာတော့ အလံမလှဲစတမ်းဝတ္ထုက ဒုတိယအကြိမ် ပြန်လည် ထွက်ရှိ လာခဲ့ပါတယ်။ ပြည်သူ့အလင်း စာပေတိုက်ကနေ ထုတ်ဝေခဲ့တာဖြစ်ပါတယ်။ ၀တ္ထုရဲ့ သြဇာလွှမ်းမိုးမှုကိုတော့ အဲဒီခေတ်မှာ ဖြတ်သန်းခဲ့တဲ့သူတိုင်း သိရှိကြ ပါတယ်။ ကြိုးစင်ပေါ်က မှတ်တမ်းများဆိုတဲ့ ဂျူးလိယက်ဖူးချစ်ကြောင့် ဖူးချစ် ဆိုတဲ့ နာမည်တွေ [...]
ဒီဆောင်းပါးကို ဆရာ လူထုစိန်ဝင်းက ၂၀၁၀ပြည့်နှစ်၊ နိုဝင်ဘာလအတွင်းမှာ ရေးသားခဲ့ပါတယ်။ ဆင်ဆာ (ဖြုတ်) ထိခဲ့တာကြောင့် ဖော်ပြခွင့်မရခဲ့တဲ့ ဆောင်းပါးဖြစ်ပါတယ်။ ‘ထူးမခြားနား’ ဆိုတဲ့ စာသားကြောင့်ပဲ ဒီဆောင်းပါးက စာဖတ်ပရိသတ်တွေနဲ့ ဝေးခဲ့ရတာ ဖြစ်ပါတယ်။ ‘ထူးမခြားနား၊ မီးရေစုံသား၊ ရောင်တော်ထွေပြား၊ ပြောင်းလို့လို့များထွေ၊ ထူးထွေတည့် အံ့ရာ သော်’ မနက်စောစောစီးစီး ကျက်သရေမင်္ဂလာရှိလှတဲ့ တေးသံလေထဲမှာ လွင့်ပျံလာတာကို သဲ့သဲ့ကြား လိုက်ရတဲ့အတွက် အိပ်ရာထဲကနေပြီး နားစွင့်မိလိုက်တယ်။ ရန်ကုန်မြို့လယ်မှာ ‘ထူး မခြားနား’ အသံကြားရတာ ထူးထူးခြားခြားရှိလှပါလား။ ဘယ်ကလာတဲ့အသံပါလိမ့်။ မသိုးသင်္ကန်းရက်ပြိုင်ပွဲ ‘ထူးမခြားနား -မီးရေစုံသား’ သဲ့သဲ့ကြားရတဲ့အသံက တဖြည်းဖြည်း ပီပြင်လာတယ်။ ‘ထူးမခြားနား- မီးရေစုံသား၊ ပြောင်းလို့ လို့များထွေ၊ ထူးတွေတည့် အံ့ရာသော်’ မလှမ်းမကမ်း ရောက်လာလို့ အသံကပိုပြီး ကျယ်လာ [...]
ဒီဆောင်းပါးကို ဆရာလူထုစိန်ဝင်းက Weekly Eleven သတင်းဂျာနယ် အတွဲ ၆၊ အမှတ် ၈ မှာ ရေးသားဖော်ပြခဲ့တာ ဖြစ်ပါတယ်။ လူတိုင်းပါးစပ်ဖျားမှာ လွယ်လွယ်ပြောတတ်ကြတဲ့ ရှေးရိုးစဉ်လာ စကားတချို့ကို သဘောမကျ နိုင်ကြောင်း မကြာခဏဆိုသလို ရေးဖြစ်ခဲ့တယ်။ ဘုရားတောင် အမှီရှိမှပွင့်တယ်ဆိုတဲ့ စကား မျိုးဟာ ‘အတ္တာဟိ အတ္တနောနတ္ထော’ မိမိကိုယ်သာ ကိုးကွယ်ရာဆိုတဲ့ မြတ်စွာဘုရားသခင်ရဲ့ အဆုံးအမနဲ့ ဆန့်ကျင်နေရုံမျှမက ဘုရားသခင်ရဲ့ သဗ္ဗညုတ ရွှေဉာဏ်တော်ကိုပါ သေးသိမ် အောင်ပြုသလို ဖြစ်နေကြောင်း ရေးခဲ့ဖူးတယ်။ သီလကြောင်တွေက ခုတုံးလုပ် အလားတူပဲ ‘အူမတောင့်မှ သီလစောင့်နိုင်တယ်’ဆိုတဲ့ စကားကို အကျင့်ပျက် သီလကြောင် တွေက ခုတုံးလုပ်ပြီး ထင်ရာစိုင်းတတ်တဲ့ အကြောင်းလည်း ရေးဖူးတယ်။ မကြာခင်လေး က တောင် ‘ရေကိုသားလို့ [...]