လူထုစိန်ဝင်း (၁၉၄၀-၂၀၁၂)

June 21, 2012 at 8:59 am
filed under ဘ၀ဖြတ်သန်းမှု

- ၁၉၄၀ ပြည့်နှစ် သြဂုတ်လ ၁၃ ရက်နေ့၌ မန္တလေးမြို့၌ မွေးဖွားခဲ့သည်။ မိဘအမည်မှာ ဦးသာဒင်နှင့် ဒေါ်ကြည် ခင်တို့ ဖြစ်ပါသည်။

- ကလေးဘ၀မှ အခြေခံပညာ အထက်တန်း အထိ မန္တလေးမြို့ရှိ ဖားသားလဖုန်းကျောင်း၌ ပညာသင်ယူခဲ့သည်။

- ၁၉၅၆ ခုနှစ်တွင် မန္တလေးတက္ကသိုလ်သို့ ရောက်ရှိခဲ့သည်။

- ၁၉၅၉ ခုနှစ်တွင် ရန်ကုန်တက္ကသိုလ်သို့ ပြောင်းရွေ့ပညာသင်ယူခဲ့ပါသည်။

- တက္ကသိုလ်ကျောင်းသားဘ၀မှာပင် အပျော်တမ်း သတင်းထောက်အဖြစ် လုပ်ကိုင်ဆောင်ရွက်ခဲ့သည်။

- ၁၉၆၄ခုနှစ်တွင် မန္တလေး လူထုသတင်းစာတိုက်၌ အချိန်ပြည့် သတင်းသမားတစ်ဦးအဖြစ် စတင်လုပ်ကိုင်ခဲ့သည်။ ဦးလေးဖြစ်သူ ရွှေဥဒေါင်း၊ လူထုဦးလှ၊ လူထုဒေါ်အမာတို့၏ သင်ကြားဆုံးမမှုများဖြင့် လက်ထောက် အယ်ဒီတာ အဖြစ် လုပ်ဆောင်ခဲ့ခြင်း ဖြစ်ပါသည်။

- ၁၉၆၄ ခုနှစ်တွင် စောမိုးခမ်း (ပင်ကိုရေးအချစ်ဝတ္ထု) နှင့် တောင်ဗီယက်နမ်မှ ငရဲခန်းများ (ဘာသာပြန်) စာအုပ် များ ထွက်ရှိခဲ့သည်။

- ၁၉၆၄ ခုနှစ် ငြိမ်းချမ်းရေးဆွေးနွေးပွဲ ကာလအတွင်း ရန်ကုန်လူထုတိုက်ခွဲကို အားဖြည့်ရန်အတွက် ရန်ကုန်မြို့သို့ ခေတ္တစေလွှတ်ခြင်း ခံခဲ့ရသည်။ သို့သော် ရန်ကုန်မြို့မှ မပြန်ရတော့ဘဲ ရန်ကုန် လူထုသတင်းစာတိုက်ခွဲ၏ တာ ၀န်ခံ အယ်ဒီတာအဖြစ် စတင်တာဝန်ယူခဲ့သည်။

- ၁၉၆၅ ခုနှစ်တွင် အလံမလှဲစတမ်း(ဘာသာပြန်) စာအုပ် ထွက်ရှိခဲ့သည်။ ထိုစာအုပ်ကို ၀င်းဇော် ကလောင်အမည် ဖြင့် ရေးသားခဲ့သည်။ အရှေ့တောင်အာရှမှ စစ်မီးလျံများ (ဘာသာပြန်) စာအုပ်လည်း ထွက်ရှိခဲ့သည်။

- ၁၉၆၆ ခုနှစ်တွင် အဖြူနဲ့အ၀ါ (ဘာသာပြန်) စာအုပ်ထွက်ရှိခဲ့သည်။ ၀င်းဇော် ကလောင်ဖြင့် ရေးသားခဲ့သည်။

- ၁၉၆၇ ခုနှစ် ဇူလိုင်လ ၇ရက်နေ့တွင် လူထုသတင်းစာ ပိတ်သိမ်းခံခဲ့ရပြီး ဆရာ လူထုစိန်ဝင်းနှင့် အတူ လူထု သ တင်းစာတိုက်မှ အယ်ဒီတာ သုံးဦး(ဦးတင်မောင်လေး၊ ဦုးမြညွန့်နှင့် ဦးတင်ရှိန်) ထိမ်းသိမ်းခံခဲ့ရသည်။ ထို့ နောက် ကိုကိုးကျွန်းသို့ ပို့ဆောင်ခြင်းခံခဲ့ရပြီး ၁၉၇၁ခုနှစ်တွင် အင်းစိန်ထောင်သို့ ပြောင်းရွေ့ခံခဲ့ရသည်။

- ၁၉၇၃ ခုနှစ်၊ ဇူလိုင်လတွင် အကျဉ်းထောင်မှ ပြန်လည် လွတ်မြောက်ခဲ့သည်။

- ၁၉၇၅ ခုနှစ်တွင် အလံမလှဲစတမ်း (ဘာသာပြန်) စာအုပ် ဒုတိယအကြိမ် ထွက်ရှိခဲ့သည်။ ၀င်းဇော် ကလောင်ဖြင့် အဖြူနဲ့အမည်း (ဘာသာပြန်) ထွက်ရှိခဲ့သည်။

- ၁၉၇၈ခုနှစ်တွင် ထပ်မံ ထိန်းသိမ်းခံခဲ့ရသည်။ အင်းစိန်ထောင်တွင် သီးခြား ထားရှိခြင်းခံခဲ့ရပြီး ထောင်တွင်းမှာပင် လေဖြတ်ဝေဒနာ ခံစားခဲ့ရသည့်အတွက် ရန်ကုန် ဆေးရုံကြီးသို့ ရောက်ရှိခဲ့သည်။ ရန်ကုန်ဆေးရုံးကြီး၌ နှစ်လကြာ ထိန်းသိမ်းခံခဲ့ရသည်။

- ၁၉၈၀ ပြည့်နှစ်တွင် ၁/၈၀ (လွတ်ငြိမ်းချမ်းသာခွင့်အမိန့်) ဖြင့် ပြန်လည် လွတ်မြောက်လာခဲ့သည်။ ပြန်လည်လွတ် မြောက်ချိန်တွင် ထောင်တွင်း၌ ခံစားခဲ့ရသော လေဖြတ်ဝေဒနာကြောင့် ညာဘက်ကိုယ်တစ်ခြမ်း သေခဲ့သည်။ အိမ်သို့ ပြန်လည်ရောက်ရှိပြီးနောက် အိပ်ရာထက်တွင် ကာလရှည်ကြာ နေထိုင်ခဲ့ရပြီး ဘယ်လက်ဖြင့် စာရေးကျင့် ပြီး စာရေးနိုင်ရန် ကြိုးစားခဲ့သည်။

- ၁၉၈၂ခုနှစ်တွင် နေအိမ်၌ အင်္ဂလိပ်စာသင်တန်းကျောင်းကို စတင်ဖွင့်လှစ်ခဲ့ပြီး ကျောင်းဆရာအဖြစ် လုပ်ကိုင်ခဲ့ သည်။ တစ်ဖက်တွင်လည်း မဂ္ဂဇင်းများ၌ ဆောင်းပါးများ ရေးသားခဲ့သည်။

- ၁၉၉၈ ခုနှစ်တွင် ရှက်စိတ် ဆောင်းပါးပေါင်းချုပ်စာအုပ် ထွက်ရှိခဲ့သည်။

- ၁၉၉၉ ခုနှစ်တွင် မော်ဒန် လက်ဖက်ရည်ပန်းကန်ထဲမှ မုန်တိုင်းငယ်နှင့် အခြားဆောင်းပါးများ၊ လူငယ်နဲ့အချစ်၊ အရှက်နဲ့တန်ဖိုး၊ စာနယ်ဇင်းအရေးအသား ပုံစံသစ် အစရှိသော စာအုပ်များ ထွက်ရှိခဲ့သည်။

- ၂၀၀၀ပြည့်နှစ် ဧပြီ ၂၈ ရက်နေ့တွင် သားကြီးဖြစ်သူ ကိုရဲဝင်းဇော် (အသက် ၃၄)နှစ် ကွယ်လွန်ခဲ့သည်။

- ၂၀၀၀ ပြည့်နှစ်တွင် နေအိမ်၌ ဖွင့်ထားသော အင်္ဂလိပ်စာ သင်တန်းကျောင်းကို ပိတ်ခဲ့သည်။ နှစ်ပေါင်း ၂၀ နီးပါး ကျောင်းဆရာအဖြစ် ရပ်တည်ခဲ့ပြီးနောက် သင်တန်းကျောင်းကို ပိတ်ခဲ့ခြင်း ဖြစ်ပါသည်။

- ၂၀၀၀ ပြည့်နှစ် အတွင်းမှာပင် ၀င်းဇော်ကလောင်ဖြင့် ဆာယိုနာရာ (ဘာသာပြန်) စာအုပ် ထွက်ရှိခဲ့သည်။ ပထမ အမျိုးသမီး လမ်းထွင်သူများ (ဘာသာပြန်)၊ စီးပွားရေးလုပ်ငန်းနဲ့ ကြော်ငြာအတတ်ပညာ (ဆောင်းပါးများ) အစရှိ သည့် စာအုပ်များထွက်ရှိခဲ့သည်။ ထိုစာအုပ်များကို လူထုစိန်ဝင်းကလောင်ဖြင့် ရေးသားခဲ့ခြင်း ဖြစ်သည်။

- ၂၀၀၂ ခုနှစ်တွင် စိတ်ချမ်းသာအောင် ဘယ်လိုနေရမလဲ စာအုပ်ထွက်ရှိခဲ့သည်။ အရှေ့ကိုမျှော်၍ အနောက်ကို ကြည့်ခြင်း (ဆောင်းပါးများ) စာအုပ်ထွက်ရှိခဲ့သည်။

- ၂၀၀၃ ခုနှစ်တွင် သတင်းစာပညာ သောင်းပြောင်းထွေလာ စာအုပ်ထွက်ရှိခဲ့သည်။

- ၂၀၀၄ ခုနှစ်တွင် အဆုတ်ရောဂါကြောင့် အောက်ဆီဂျင် အကူအညီဖြင့် အသက်ရှုရသည့် အခြေအနေသို့ ရောက် ရှိခဲ့သည်။

- ၂၀၀၆ ခုနှစ်တွင် မသန်ပေမယ့်စွမ်းသူများ စာအုပ်များ ထွက်ရှိခဲ့သည်။

- ၂၀၀၇ ခုနှစ် ဖေဖော်ဝါရီ ၂၁ ရက်နေ့တွင် ဇနီးဖြစ်သူ ဒေါ်နုနုမြတ်(အသက် ၇၂နှစ်) ကွယ်လွန်ခဲ့သည်။

- ၂၀၀၈ ခုနှစ်နောက်ပိုင်း မြန်မာစာပေလောက၌ စာအရေးနိုင်ဆုံးသော စာရေးဆရာတစ်ဦးအဖြစ် မှတ်တမ်းဝင်ခဲ့ သည်။ တစ်နေ့လျှင် ဆောင်းပါးနှစ်ပုဒ်ခန့် အနည်းဆုံး ရေးသားခဲ့သည်။ ရေးသားသည့် ဆောင်းပါးများမှာ စာနယ် ဇင်းအတတ်ပညာအကြောင်း၊ လူငယ်နဲ့ အမျိုးသမီးများ အကြောင်း၊ နိုင်ငံရေးနှင့် နိုင်ငံတကာ ရေးရာများ အ ကြောင်း အစရှိသည်တို့ ရေးသားခဲ့သည်။

- ၂၀၁၁ ခုနှစ်တွင် အစိုးရက မိဘလား၊ ပြည်သူက မိဘလား စာအုပ် ထွက်ရှိခဲ့သည်။

- ၂၀၁၂ ခုနှစ်မတ်လတွင် အလံမလှဲစတမ်း တတိယအကြိမ် ထွက်ရှိခဲ့သည်။

- ၂၀၁၂ ခုနှစ် ဧပြီလတွင် ကျန်းမာရေးအခြေအနေကြောင်း ဆောင်းပါးရေးသားမှုများကို ခေတ္တရပ်ဆိုင်းခဲ့ရသည်။

- ၂၀၁၂ ခုနှစ် ဇွန်လ ၁၇ ရက်နေ့ နံနက်ပိုင်းတွင် ရွှေဂုံတိုင်အထူးကုဆေးရုံသို့ ရောက်ရှိခဲ့ပြီး အဆိုပါနေ့ရက် ည ၁၁ နာရီ မိနစ် ၃၀ အချိန်တွင် ကာလရှည်ကြာခံစားခဲ့ရသော နာတာရှည်အဆုတ်ရောဂါဖြင့် ကွယ်လွန်ခဲ့ပါသည်။

- ကွယ်လွန်ချိန်တွင် သမီးတစ်ဦး၊ ချွေးမတစ်ဦးနှင့် မြေးတစ်ဦးတို့ ကျန်ရစ်ခဲ့ပါသည်။

- စာပေရေးသားခြင်းကို မကွယ်လွန်မီအချိန်အထိ လုပ်ဆောင်ခဲ့ပြီး ဇွန်လ ၆ ရက်နေ့က ရေးသားခဲ့သော “ပြန်လာ ပြီဗျို့” ဆောင်းပါးမှာ ဆရာလူထုစိန်ဝင်း၏ နောက်ဆုံးဆောင်းပါး ဖြစ်ပါသည်။ ကျန်းမာရေး အခြေအနေကြောင့် ထိုဆောင်းပါးကို အဆုံးသတ်မသွားနိုင်ခဲ့ပေ။

ထွက်ရှိခဲ့ပြီး စာအုပ်များ

- ၁) တောင်ဗီယက်နမ်မှ ငရဲခန်းများ (ဘာသာပြန်)
- ၂) အရှေ့တောင်အာရှမှ စစ်မီးလျှံများ (ဘာသာပြန်)
- ၃) စောမိုးခမ်း (ပင်ကိုယ်ရေး ၀တ္ထု)
- ၄) အလံမလှဲစတမ်း (ဘာသာပြန်)
- ၅) အဖြူနဲ့အ၀ါ (ဘာသာပြန်)
- ၆) အဖြူနဲ့အမဲ (ဘာသာပြန်)
- ၇) သတင်းစာပညာ သောင်းပြောင်းထွေလာ (စာနယ်ဇင်းဆောင်းပါးများ)
- ၈) စာနယ်ဇင်းအရေးအသား ပုံစံသစ် (နယူးဂျာနယ်လစ်ဇင် ဘာသာပြန်)
- ၉) မော်ဒန်လက်ဖက်ရည် ပန်းကန်လုံးထဲမှ မုန်တိုင်းငယ်နှင့် အခြားဆောင်းပါးများ (ပင်ကိုယ်ရေး ဆောင်းပါးများ)
- ၁၀) ရှက်စိတ် (ပင်ကိုယ်ရေး ဆောင်းပါးများ)
- ၁၁) အရှက်နဲ့တန်ဖိုး (ပင်ကိုယ်ရေး ဆောင်းပါးများ)
- ၁၂) စီးပွားရေးလုပ်ငန်းများနှင့် ကြော်ငြာအတတ်ပညာ (ပင်ကိုယ်ရေး ဆောင်းပါးများ)
- ၁၃) လူငယ်နဲ့ အချစ် (ပင်ကိုယ်ရေး ဆောင်းပါးများ)
- ၁၄) ပထမအမျိုးသမီး လမ်းထွင်သူများ (ဘာသာပြန် ဆောင်းပါးများ)
- ၁၅) စိတ်ချမ်းသာအောင် ဘယ်လိုနေရမလဲနှင့် အခြားဆောင်းပါးများ (ပင်ကိုယ်ရေး ဆောင်းပါးများ)
- ၁၆) အတွေးအမြင် ဆောင်းပါးများ (ပင်ကိုယ်ရေး ဆောင်းပါးများ)
- ၁၇) မဂ္ဂဇင်းဆောင်းပါးများ (ပင်ကိုယ်ရေးဆောင်းပါးများ)
- ၁၈) အရှေ့ကို မျှော်၍ အနောက်ကို ကြည့်ခြင်း (ပင်ကိုယ်ရေး ဆောင်းပါးများ)
- ၁၉) အလင်းတန်းဆောင်းပါးများ (ပင်ကိုယ်ရေး ဆောင်းပါးများ)
- ၂၀) ပိတောက်မြေက မဟေသီနဲ့ ရွှေအမြုတေ (ပင်ကိုယ်ရေး ဆောင်းပါးများ)
- ၂၁) မန်နေဂျာကောင်းဆိုတာ (ပင်ကိုယ်ရေး ဆောင်းပါးများ)
- ၂၂) လူငယ်များသို့ ကဗျာလက်ဆောင် စာလက်ဆောင် (ဘာသာပြန်ကဗျာများ)
- ၂၃) လူငယ်နဲ့ တာဝန်ယူစိတ် (ပင်ကိုယ်ရေး ဆောင်းပါးများ)
- ၂၄) သင့်လုပ်ငန်း အောင်မြင်ရေး နေ့စဉ်သုံးဆောင်ပုဒ်များ
- ၂၅) မသန်ပေမဲ့ စွမ်းသူများ (ဘာသာပြန်ဆောင်းပါးများ)
- ၂၆) ဖတ်စရာ (ပင်ကိုယ်ရေးဆောင်းပါးများ)
- ၂၇) အဖေ့ခေါ်သံ (ပင်ကိုယ်ရေး ဆောင်းပါးများ)
- ၂၈) စကားမာရသွန် (၁) (ပင်ကိုယ်ရေး ဆောင်းပါးများ)
- ၂၉) စကားမာရသွန် (၂) (ပင်ကိုယ်ရေး ဆောင်းပါးများ)
- ၃၀) မူပိုင်ခွင့် (ဘာသာပြန်)
- ၃၁) စာနယ်ဇင်းကျင့်ဝတ် (ဘာသာပြန်)
- ၃၂) ပထမတန်းစားစိတ်ဓာတ် (ပင်ကိုယ်ရေး)
- ၃၃) စာနယ်ဇင်းနှင့် ယုံကြည်မှု (ပင်ကိုယ်ရေး)
- ၃၄) ဆင်းရဲခြင်းထောင်ချောက် (ဘာသာပြန် ဆောင်းပါးများ)
- ၃၅) လူငယ်တွေ ရင်ဖွင့်ပါစေလား (ပင်ကိုယ်ရေး ဆောင်းပါးများ)
- ၃၆) နန်းစကား၊ မန်းစကား၊ မြန်မာတို့ရဲ့ မြန်မာစကား (ပင်ကိုယ်ရေး ဆောင်းပါးများ)
- ၃၇) ဒီခေတ်မျိုးဆက်ရဲ့ ပန်းတိုင်
- ၃၈) မေမေတို့ရဲ့ စစ်ပွဲများ (ဘာသာပြန်ဆောင်းပါးများ)
- ၃၉) မန္တလေးရဲ့ ၀ိဥာဉ် (ပင်ကိုယ်ရေး ဆောင်းပါးများ)
- ၄၀) ဆာယိုနာရာ (ဘာသာပြန်ဝတ္ထု)
- ၄၁) ဒီမိုကရေစီသည် နောက်ဆုံးပန်းတိုင်မဟုတ် (နိုင်ငံရေးဆောင်းပါးများ)
- ၄၂) လမ်းဖောက်သူသာ ဖြစ်ပါစေ (ပင်ကိုယ်ရေး ဆောင်းပါးများ)
- ၄၃) Talk of the Week တစ်ပတ်စာစကား (Quotation များ ဘာသာပြန်)
- ၄၄) မျှော်လင့်ချက်မဲ့ အခြေအနေဆိုတာ မရှိဘူး (ပင်ကိုယ်ရေး ဆောင်းပါးများ)
- ၄၅) လူထုရနံ့စာစုများ (ပြည်ပထုတ်)
- ၄၆) အစိုးရက မိဘလား ပြည်သူက အဓိကလား
- ၄၇) ရှက်စိတ် ကြောက်စိတ် အရိုင်းစိတ်
- ၄၈) ပန်းတိုင်က ဘာလဲ
- ၄၉) လူကြီးလူကောင်းစိတ်
- ၅၀) အတုတွေ အတုတွေ အတုတွေ
- ၅၁) လူငယ်တွေကို ယုံပါ
- ၅၂) တွေ့ဆုံပွဲမှ ဆွေးနွေးပွဲသို့
- ၅၃) စာပေရှုခင်း
- ၅၄) တတိယအရွယ်၏ ပထမဝေဒနာ
- ၅၅) ဒီမိုကရေစီ ရပြီလား
- ၅၆) ယုန်နှစ်မှာ ယုန်သားစားခြင်း
- ၅၇) သမိုင်းထဲက စီးပွားရေး
- ၅၈) ပြည်သူတစ်ရပ်လုံး မျှော်လင့်နေကြတယ်
- ၅၉) နှောင်ကြိုးမဲ့ နိုင်ငံရေးသမား
- ၆၀) ပြည်သူတွေက ဦးဆောင်ရမှာ ဖြစ်တယ်
- ၆၁) ငြင်းခုံကြပါစေ ပန်းတိုင်းပွင့်ကြပါစေ

no comments

RSS /

Comments are closed.