July 29, 2012 at 3:16 pm
filed under ထုတ်ပြန်ချက်

လူထု စိန်ဝင်းပညာသင်ဆု ဆုရွေးချယ်ရေးအဖွဲ့၏ သတင်းထုတ်ပြန်ချက်။
၁။ ၂၀၁၂ ဇွန်လ ၁၈ရက်နေ့တွင် ဆရာတော် ဓမ္မဒူတ အရှင် ဆေကိန္ဒက ဆရာ လူထု ဦးစိန်ဝင်းကို စံပြပုဂ္ဂိုလ် တစ်ဦး အနေဖြင့် အမြဲ သတိရစေရန် အမှတ်တရ တစ်ခု လုပ်ဆောင်ကြရန်နှင့် ဆရာတော်မှ မတည် ငွေ ကျပ်သိန်း (၃၀) လှူဒါန်းမည့် အကြောင်း မိန့်ကြားခဲ့ပါသည်။
၂။ သို့ဖြစ်၍ ဆရာ လူထုစိန်ဝင်း၏ မိသားစုဝင်များက ဆရာတော် အရှင်ဆေကိန္ဒ အပါအဝင် ဆရာ လူထုစိန်ဝင်းနှင့် အရင်းနှီးဆုံး ပုဂ္ဂိုလ်များဖြစ်သည့် သတင်းစာ ဆရာကြီး ဟံသာဝတီ ဦးဝင်းတင်၊ ဆရာ မောင်မိုးသူ၊ ဆရာ ညီပုလေးတို့နှင့် တိုင်ပင်ခဲ့ပါသည်။ ထို့ နောက် ဆရာဖြစ် စေချင်သည့် ဆန္ဒတစ်ခုကို အကောင်အထည် ဖော်သည့် အနေဖြင့် လူထုစိန်ဝင်း ပညာသင် ဆု ပေးရန် ၂၀၁၂ခုနှစ် ဇူလိုင်လ ၁၆ ရက်နေ့တွင် ဆုံးဖြတ် ခဲ့ကြပါသည်။
၃။ လူထုစိန်ဝင်းပညာသင်ဆုကို ဆရာတော် ဓမ္မဒူတ အရှင်ဆေကိန္ဒ လှူဒါန်းသည့် ငွေ ကျပ်သိန်း (၃၀)၊ ဆရာ လူထုစိန်ဝင်း မိသားစုမှ ထည့်ဝင်ငွေ ကျပ်သိန်း(၃၀)၊ ဆရာလူထုစိန်ဝင်း၏ တပည့်များ၊ စာပေနှင့် စာနယ်ဇင်းများ၊ စာဖတ် ပရိသတ်များမှ ဆရာ့ အတွက် ထည့်ဝင် ကုသိုလ် ပါ ဝင်ခဲ့ကြသည့် အလှူငွေ ကျပ်သိန်း(၃၀)၊ အမေရိကန်နိုင်ငံ နယူးယောက်မြို့မှ ဆရာ့တပည့် Phillip နှင့် Julie တို့မှ ထည့်ဝင်ငွေ ကျပ်သိန်း (၂၀)၊ အမေရိကန်နိုင်ငံ ဟာဝါရီမြို့မှ ဆရာ့တပည့် မမဉ္ဇူမှ ထည့် ဝင် ငွေ ကျပ်ငွေ သိန်း (၁၀)၊ စုစုပေါင်း ငွေကျပ် သိန်း (၁၂၀ ) ဖြင့် ကနဦး မတည်လိုက်ပါသည်။
၎။ လူထုစိန်ဝင်း ပညာသင်ဆု အတွက် ဆရာတော် ဓမ္မဒူတ အရှင်ဆေကိန္ဒ၊ သတင်းစာ ဆရာ ကြီး ဟံသာ ဝတီ ဦးဝင်းတင်၊ ဆရာ မောင်မိုးသူ တို့က နာယကများအဖြစ် ဦး ဆောင် ပေးကြ မည် ဖြစ်ပါသည်။ ဆုရွေးချယ်ရေး အဖွဲ့တွင် ဥက္ကဋ္ဌ၊ ဒုတိယ ဥက္ကဋ္ဌ ထားရှိမည် မဟုတ်ဘဲ အဖွဲ့ဝင် အားလုံး တာဝန်ယူမှု အလိုက် လုပ်ဆောင် သွားကြ မည် ဖြစ်ပါ သည်။
ဆုရွေး ချယ်ရေးအဖွဲ့တွင်-
၁) ဦးဝင်းတင် (ဟံသာဝတီ ဦးဝင်းတင်)
၂) ဦးမိုးသူ (မောင်မိုးသူ)
၃) ဦးငြိမ်းချမ်း (ညီပုလေး)
၎) ဒေါ်ချောအိဝင်းဇော်
၅) ဒေါက်တာ ဒေါ်သင်းသင်း
၆) ဦးအောင်ထွန်းဦး
၇) ဦးနေထွန်းနိုင်
၈) ဒေါ်အေးအေးပြုံး
၉) ဦးကျော်သီဟ
၁၀) ဒေါ်သန့်စင်အေး
၁၁) ဒေါ်စန္ဒြာဝင့်ထွန်း
၁၂) ဦးအောင်ကျော်ဆန်း တို့ပါ ဝင်မည်ဖြစ်ပါသည်။
အဆိုပါအဖွဲ့ဝင်များက ၂၀၁၂-၂၀၁၃ ခုနှစ် အတွက် ရွေးချယ်ကြမည် ဖြစ်ပါသည်။
-လူထုစိန်ဝင်းပညာသင်ဆုရွေးချယ်ရေးအဖွဲ့
မောင်ရဲမင်းနောင်
ကျွှန်တော်သည်အခြေခံကျန်းမာရေးတက်ကသိုလ်တတိယနှစ်တွင်ပညာသင်ကြားနေပါသည်။မိသားစုအခြေအနေကြောင့်ကျောင်းတက်ရန်
အခက်အခဲဖြစ်နေပါသည်။မိဘသည်တောင်သူဖြစ်ပါသည်။မွေးချင်း9ယောက်ရှိပါသည်။လယ်ဧက2ဧကနှင့်မိသားစု
လောက်အောင်စားနေရသည်။ကျွှန်တော်ကျောင်းတက်ရန်ကြွေးမှီးယူရသည်။အိမ်ကမတတ်နိုင်တော့ပါ။ထို့ကြောင့်ကျောင်းတက်၇န်
အခက်အခဲဖြစ်နေပါသဖြင့်ရိုသေလေးစားစွာလျှောက်ထားအပ်ပါသည်။