July 18, 2012 at 2:31 pm
filed under ထုတ်ပြန်ချက်
ဆရာဖြစ်ချင်တဲ့ ဆန္ဒတစ်ခုကို အကောင် အထည် ဖော်ပေးတာ
ဖြစ်ပါတယ်။ ပညာသင်ဆု ပေးတာနဲ့ ပတ်သက်တဲ့ ဆောင်းပါးတွေကို
ဆရာ ရေးခဲ့ ဖူးပါတယ်။
အထူးသဖြင့် မြို့တိုင်း၊ ရွာတိုင်း၊ ရပ်ကွက် တိုင်းမှာ ပညာ ထူးချွန် ပါလျက်နဲ့
ငွေကြေး မတတ်နိုင်လို့ ကျောင်း မတက်နိုင်ရှာတဲ့ ကလေးတွေ
အများအပြား ရှိပါတယ်။ အဲဒီလို ကလေးတွေကို ပညာသင်ဆု ပေးပြီး
ပြုစု ပျိုးထောင် ပေးချင်တယ်။ ဆရာ ပြောခဲ့ဖူးသလိုပါပဲ။
ကလေး သူငယ်တွေကို ပြုစု ပျိုးထောင် ပေးတယ်ဆိုတာ တိုင်းပြည်ရဲ့
အနာဂတ်ကို ထုဆစ် ပေးနေတာ ဖြစ်ပါတယ်။
နောက်ပြီး ပညာရေးမှာ ရင်းနှီးမြှုပ်နှံမှု လုပ်တယ် ဆိုတာ အရှုံးမရှိနိုင်တဲ့
စိတ်အချရဆုံး ရင်းနှီး မြှုပ်နှံမှုမျိုးပါ။ အဲတာတွေ အတွက် ဒီဆုကို
ပေးဖို့ စီစဉ်ခဲ့တာပါ။ လူငယ်၊ လူကြီး မခွဲဘဲ ပညာရေးပိုင်းနဲ့ ပတ်သက်လို့
အခက်အခဲ ရှိနေ သူတွေ အတွက် ဒီပညာသင်ဆုကို ပေးသွားမှာပါ။
ဆုနဲ့ ပတ်သက်လို့ အသေးစိတ် အချက် အလက်တွေ၊
ဘယ်လို ရွေးချယ်ပြီး ပေးမယ်ဆိုတာ တွေကို ဆက်လက် ထုတ်ပြန်
ပေးသွားပါမယ်။ ပညာသင်ဆုနဲ့ ပတ်သက်တဲ့ အချက်အလက်တွေကို
ဆရာ့အတွက် ရည်ရွယ်ပြီး လုပ်ထားတဲ့ facebook စာမျက်နှာနဲ့
www.luduseinwin.com ၀က်ဘ်ဆိုက်တွေမှာ ထုတ်ပြန် ပေးသွားပါမယ်။
no comments
RSS / trackback